အရောင်စုံတဲ့ ကကြိုး



ဒီဇင်ဘာညချမ်းမှာ
ငါအသည်းတစ်ခြမ်းတောင်
မတုန်ရီခဲ့ဘူး
ဆွေ့ဆွေ့နီ သူ့နှုတ်ခမ်းဖျားအောက်မှာ
ငါ့နှလုံး ဖျတ်ဖျတ်လူး
အော်...
သူ့အရှေ့မှာ
ငါ ရူးရတယ်နော်...

ကဝေပျိုတောင် ကကြိုးထပ်
သူလှမ်းတဲ့လက်မှာ
ငါ့အသက်
ဆတ်ဆတ်တုန်အောင် ခုန်ထွက်...
နောက်ဆုံးမနက်မှာ...
သူ့အပြုံး ငါခေါင်းတဆုံးကြည့်ချင်သေးတယ်...

ပန်းနုရောင် အခန်းသစ်ကို
အစိမ်းရင့်ရင့်လိုက်ကာချ
သူတပ်ထားတဲ့
ကြိုးတွေအောက်မှာ
ငါ မြူးနေအောင် ငါကခဲ့တယ်
ရှုပ်လွန်းတွေ ကြိုးတွေတောင်ငြိ
အဆုံးထိမရောက်ခင်
တိကနဲ သူဖြတ်...
ငါ့ပြဇာတ်နေမင်းလဲ
ရေဖြန်းပတ်ခံလိုက်ရသလို
အပြာရင့်ရင့်တွေ ငါ့ရင်ထဲနင့်
အမဲစစ်စစ်တောင် ဖြစ်ကုန်တယ်...