ကဗျာမပါတဲ့ ဝတ္ထုတို

နှောင်းမှ ပျိုးခဲ့ပေမယ့်
ငါ ခရေတွေ မကြွေကျဘူး...

ငါ့အိပ်မက်တွေက အတည်တကျဆိုပေမယ့်....
မြူတွေက ဆိုင်းနေရဲ့
နေ့ရက်သစ်တွေက ကာဆီးထားရဲ့

ကမ်းပါး တခုစာလဲ ခြားနေတဲ့နောက်....
နင့်ရင်ခွင်နဲ့
ပဲတင်သံတွေကို နားစွင့်ပေးပါ.....
ငါ လွမ်းတယ်....
ငါ အရမ်း လွမ်းတယ်...
လွမ်းတယ်.....

ရင်ခွင်တံခါးကို ဖွင့်ထားခဲ့ပေမယ့်
ငါ့ ပြတင်းပေါက်ကို အလင်းမရောက်တာကြာတဲ့အခါ
ခွဲခွာဖို့ တွေ့ခဲ့ကြတာလို့ ယူဆပါ့မယ်....

နင့် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
ငါ ဟာ ခံစားချက် တခုစာ စာဖွဲ့လို့ မရ ရင်...
ငါ့ ခံစားချက်တွေကို နင်မသိအောင် ငါ ခူးခြွေထားပါ့မယ်...
အတူတူဆိုတဲ့ အတိတ်မှာ
ထပ်တူကျ အိပ်မက်များရှိခဲ့ဖူးရင်
ညီမျှခြင်း ဟိုတဖက်မှာ အရူံး မထွက်ဘူး....

နင် မေ့မသွားဖူး ဆိုရင်ပဲ....
ငါ့ အလွမ်းကဗျာ တစ်သိုက်ကို
မီးမြိုက်လိုက်ပြီး .....
သမိုင်းတချို့ကိုပဲ ငါအထိန်းအကွပ်နဲ့
စာတစ်အုပ်ချုပ်လိုက်မယ်...

နင် ဖတ်ဖို့ ...  နောက်........
ငါ ဖတ်ဖို့

ဝမ်းနည်းဖွယ် မပါလို့
မျက်ရည်တွေမကျကြေး
ဒါဟာ ဝတ္ထုတိုလေးပါပဲ
ခွဲခွာတဲ့ အကြောင်းတွေကို
ငါ မသိချင်ယောင်ဆောင်နေဆဲမို့
ကာရံညီခဲ့တဲ့ တို့ အတိတ်တွေအကြောင်း
တယုတယ ရေးဖွဲ့ခွင့်ပြုပါ....