ဖဲကြိုးဝါ


ပဥာတ်ချက်တွေများတဲ့ ဘဝ
နင်မြင်တာထက် ခါးတယ်…
ရှင်သန်နေသမျှ မျှော်လင့်ခွင့်ရှိတယ်
ဒီစကားငါ့အတွက် မှားတယ်…

ငါမြုပ်ခဲ့တဲ့ အတိတ်ဆိုးဆိုတာ
သတ်လို့ မသေတဲ့အရာ
သူရှင်သန်နေသမျှ ငါ့ဘ၀သေတယ်…

အလျော့ပေးတိုင်း မပြေလည်တဲ့အရာ
နင်ပေးတဲ့ ဒဏ်ရာက
ထာဝရ ပျိုမျစ်နုရွနေဆဲ…
သူရှင်သန်နေသမျှ ငါ့စိတ်ကူးကန်းတယ်…

မျက်နှာမူရာ အရပ်တိုင်းကို
ရှုံးနိုမ့်ဖို့ ငါ လူလာဖြစ်တယ်…
လူဖြစ်ရှုံးဖို့ ငါဟာ
တစ်ယောက်တည်းချစ်တတ်တဲ့ ကောင်တစ်ကောင် ဖြစ်လာတယ်…

ကိုယ့်ခြေထောက် ကိုယ်ကျောင်းဖို့
လူပါးက သိပ်မ၀ခဲ့ဘူး
ပျိုမျှစ်ခြင်းကို ငါ့ စိတ်ကုန်ခဲ့ဖူးတယ်…

အိပ်မက်တွေ လက်တွေ့ဖြစ်လာလိမ့်မယ်..
ဒီစကား ငါ့အတွက် ဒဏာရီ ဆန်တယ်…

သူခိုလုံဖို့… အဖြူရောင်ထီလေး ငါမိုးပေးထားခဲ့ဖူးတယ်…
လေမပါပေမယ့် အဲ့ဒီထီလေး ကြေမွသွားတယ်
ငါ ငွေဆိုတာကို မုန်းတယ်…

မိုးခါးရေသောက်တဲ့ သူတွေကြား
ဝေစု နဲသွားတဲ့ ငါဟာ
နင့်အမြင်မှာ ခပ်ရူးရူးပဲ…

အိပ်မက်တွေ ကြီးစိုးထားတဲ့ ဘ၀မှာ
နင်ဆံနွယ်ကြား လေတိုက်လို့လွင့်ပါးလာတဲ့
ဖဲကြိုးဝါတောင် ငါ့ဘ၀ကို ချည်နှောင်တတ်တယ်…

ကမ်းလင့်တဲ့လက်တစ်ဖက်
နင် ပုတ်ခတ်ပြီး မသွားပါနဲ့
အမှောင်တွေ တ၀က်တပျက် ဖက်တွယ်ပြီးမှ
ငါ့လက်ဟာ နင့်ဆီရောက်ခဲ့တာပါ…

အလျားလိုက် ကျယ်တဲ့ နင့်မျက်ဝန်းထဲ
ဒေါင်လိုက်လျှောက်တဲ့ငါ ၀င်မဆံ့ခဲ့ဘူး
ငါ ကန်လန့်တိုက်တယ်လို့ နင်မပြောပါနဲ့
စက္ကန့် တစ်ခုရဲ့ အစ နဲ့ အဆုံး ကြားမှာတောင်
နင့်ကို ချစ်ကြောင်း ငါ အကြိမ်ပေါင်းများစွာ ရွေရွတ်နေမိတယ်...

ချွင်းချက် မရှိတဲ့ ငါ့ဘ၀ရဲ့ ဥပဒေသမှာ
နင်မရှိတဲ့နောက် အိပ်မက်တွေ အေးခဲ
ငါ ရှင်လျက်နဲ့ သေနေတယ်...

rainmaker

No comments:

Post a Comment