ဒီနေ့လား မနက်ဖြန်လား....
မိုးဆိုတာ ဒီရပ်ဝန်းမှာ မသေချာဘူးဆိုတာ သေချာသလောက်ပဲ
ဒါပေမယ့် ငါဟာ နင်အသက်ဆက်ပေးခဲ့ဖူးတဲ့
အဝါရောင် ပန်းခင်းကြီးပါ မိုး.....
တိမ်တွေ ညိုညို ကောင်းကင် ပြာပြာ
ငါဟာ ......
သည်းကြီးမဲကြီးစောင့် စားတတ်တဲ့ အဝါရောင် ပန်းခင်းကြီးတမျိုး ပါပဲ.......
အငြိုးကြီးတဲ့ လေပြေပြောတဲ့စကားကြားမှာ...
ငါက သည်းထန်စွာ ရူးသွပ်ခဲ့.....
နင့် ငါ့အနားနဲ့ ကမ္ဘာခြားအောင် ဝေးနေဆဲ့တဲ့....
ငါ့ဒိုင်ယာရီ စာမျက်နှာတွေမှာလဲ
"စောင့်စားဆဲ" ဆိုတဲ့ စာလုံးတွေထက် ငါပိုမရေးတတ်ခဲ့....
နေ့ရက်တွေလဲ ရေတွက်ရင်းနဲ့ အကြိမ်ကြိမ် ပျောက်ရှခဲ့....
ဆုံးစည်းခွင့် ဆိုတဲ့ မှတ်တိုင်နဲ့လွင်ပြင်ကျယ်ကြီး ခြားနေတဲ့.....
ငါဟာ......
လမ်းပျောက်သွားတဲ့ အဝါရောင် ပန်းခင်းကြီးလဲ ဖြစ်ပြန်တယ် မိုး....
ငါ့နှလုံးသားက
မငိုတတ် မရယ်တတ်.....
နင်ခံစားရအောင်လဲ မဖန်တီးတတ်.......
မနုတတ် မကြမ်းတတ်.....
နင့်ကို ချစ်တယ်ဆိုတဲ့ စကားတောင် မပြောတတ်ခဲ့.....
တခြားတခြား ဆိုတဲ့ ဘာသာဗေဒကိုသင်ယူဖို့လဲ ရက်စွဲမဲ့ ဆိုင်းထားခဲ့မှတော့....
ငါဟာ.....
နုံ အ လွန်းတဲ့ ပန်းခင်းဝါကြီးဖြစ်ခဲ့ပြန်တယ် မိုး.....
ရာသီဥတုက ငါ့ဘက်မှာ မဟုတ်တော့
လွင်တီးခေါင်ကို စွန့်ရုံပေါ့...
အဝေးကို ရွက်လွင့်ဖို့ အတွေးတွေ
အာရုံကို စေစားခဲ့ပေမယ့်...
ငါ မစွန့်ရက်ခဲ့
ငါ မစွန့်တတ်ခဲ့ တဲ့....
ငါဟာ.....
အလွမ်းတွေကို အမြစ်တွယ်နေတဲ့ အဝါရောင်ပန်းခင်းကြီး တမျိုးလဲ ဖြစ်နေပြန်တယ် မိုး....
No comments:
Post a Comment