ငါ့ ကဗျာတွေသာ
ငါ့ စိတ်ဓါတ်တွေရဲ့ အရိပ်ဆိုရင်.....
သူတို့ တွေ နူးညံ့ လှပ မနေကြတော့ဘူး...
ရှင်သန်တဲ့ နေ့ရက်တွေဟာ
ငါ့ ပုံတူ ပန်းပု ငါကိုယ်တိုင် ထုလုပ်နေတာနဲ့ တူခဲ့ရင်.....
အဲ့ဒီ ရုပ်ထု ငယ်ဟာ ဒဏ်ရာတွေများလို့
သစ်တုံး သာသာပဲ ကျန်တော့မလား.....
စိတ်ဓါတ်တွေ ရည်ပျော်မကျဘူးလို့ ထင်ခဲ့
ကျောင်ဆောင်ကျောက်ခဲ တွေပါလို့ အားပေးခဲ့
လူဘဝက ဒီရေတွေက ငါ့ကို တိုက်စားကြတဲ့အခါ...
အလွတ်ရတော့ မတတ် ရွက်ဆိုခဲ့တဲ့ ငါ့သစ္စာတွေနဲ့ အတူတူ
ဒီကျောက်ဆောင်တွေ သမုဒ္ဒရာ အောက် ရောက်တော့မလား...
လေးဖက်ထောက်တတ်တာကနေ
ငါ မတ်မတ် ရပ်တတ်အောင် ကြိုးစား ဖူးခဲ့ပြီ...
ကလေးတယောက် မဟုတ်တာ ကြာပြီမို့
နောက် တခေါက် ဒူးထောက်ဖို့ မတတ်တော့ဘူး....
လောကကြီးရယ်....
မင်း ရိုက်ချက်က ပြင်းပေမယ့်.....
ငါ့ ခေါင်းက ပို မာတတ်တာမို့....
ငါ့ရုပ်ထုလေး..
နောက်တကြိမ် .............
နောက် တခါ ..........
အကြိမ် အကြိမ်...........
အခါခါ..........
ပုံသွင်းဖို့ ကြိုးစားချင်သေးတယ်.....
No comments:
Post a Comment