ငါ .... လွမ်းတယ်

ပန်းနုရောင် နီမြန်းတဲ့ သူ့ နှုတ်ခမ်း
အိမ်မက်များ ပျိုးကျဲမိတယ်
နှလုံးသွေးတွေ ယိုစီးကျ
“ ချစ်တယ် ” လို့ သူပြောမယ့်ခဏ
ဒိုင်ယာရီစာမျက်နှာတိုင်းမှာ တောင့်တခဲ့ဖူးတယ်။ ။

နေထွက်တယ် နေ၀င်တယ်
လသာတယ် ကြယ်ကြွေတယ်
သိပြီးသားပါချစ်သူ
နင်မသိသေးတဲ့
အချစ်မှာ အချစ်ပဲရှိတယ် ဆိုတာ
နင်ဖတ်တဲ့ စာအုပ်တိုင်းမှာ ငါရေးပြလိုက်ချင်တယ်။ ။

နုအိတဲ့ သူ့လက်
ငါ လက်ငါးချောင်းတောင် ပွေ့ဖက်လို့ မပြီးခင်
ခုန်တန်းရှည် အစွန်းနှစ်ခုမှာ
ဒီဇာတ်က တစ်ခန်းရပ်ခဲ့ကြတယ်။ ။

မျက်ရည်တွေနဲ့ ငါကြေကွဲခန်းကို
ငွေ့ရည်မဖွဲနေတော့ဘူး …
ငါ လွမ်းတယ် ချစ်သူ
ဒါထက်လှလှပြောဖို့ နှလုံးသားက
အလုပ်မလုပ်တော့ဘူး။ ။

ငှက်တွေက တေးဆိုရပ်
မလည်ပတ်တော့တဲ့ ငါ့ကမ္ဘာမှာ
နာရီလက်တံတွေ ဆိုင်းငံနေကြတယ်
သောက်နေကျ ခါးသက်သက် ကော်ဖီတစ်ခွက်တောင်
မဖြေသိမ့်နိုင်တော့ဘူး။ ။

……………………………
ငါလွမ်းတယ် ချစ်သူ…… ။ ။

rainmaker

No comments:

Post a Comment