အဖြူရောင် ဆန္ဒ




နှုတ်ခမ်းတစ်ခု ခပ်ဖွဖွချ

သူလက်ကလေး လှုပ်ခပ်ပြသွားတယ်

နှုတ်ဆက်ရတဲ့ မနက်ပဲ

ငါ့ကမ္ဘာတစ်ခု ပြိုကျပျက်သွားရဲ့

သူပြောတော့ ခဏတဲ့

ဒါဆို…

သက္ကရာဇ်တွေ ရွက်ကျော်ပြပေးပါဦး

အလွမ်းနေ့တွေ ရက်တိုကျသွားအောင်ပါ….

No comments:

Post a Comment