ဖုန်းဆိုးမြေ

အားမသန်လို့ မာန်လျှော့

ဆင်ခြေစကားတွေ ခပ်ပေါ့ပေါ့ပြောရင်း

ငါသတ္တိတွေ တဖြေးဖြေးလျော့လာတယ်

ငါကိုယ်ထဲကသွေး.. ငါတို့ ထင်သလို မနီမြန်းနေခဲ့ဘူး….

မျှော်ခဲ့တဲ့ တောင့်တခြင်း လက်လှမ်းဖို့ အတွေးတောင် မမှီခဲ့ဘူး….

ခြေလှမ်းတွေတိုင်းမှာ ဆူးတပ်ပေးထားတယ်.. ငါလှမ်းခွင့်မရှိဘူး…

တကယ်ဆို ငါ့ ကျောပေါ်ခွစီး

အတွေးနက်တွေကို ထိုးသွင်း

လိုသလို စိတ်ကို အဆိပ်ခပ်…

ငါ့ ယုံကြည်ချက်တွေကို သွေးပျက်စေတယ်….

အရိုးစွဲနေတဲ့ ကြောက်စိတ်တွေက

ငါ့ မျော်လင့်ခြင်းကို ခြေဖျက်…

ရှေ့မတတ်တော့တဲ့ အတွေးတွေနဲ့

ခံစားချက်တွေ ရင်ထဲထည့်

မျော်လင့်ရင်းရူး .. . အမှောင်မှာ မူးရတဲ့ …

ဘ၀နဲ့ပဲ ကျေနပ်နေခဲ့တယ်……

အစလဲ မကောင်း အကွက်တွေလဲထပ်

အကြိမ်ကြိမ် တိမ်းမှား အဖြူအမဲ မသဲကွဲသူ လက်ထဲက နယ်ရုပ်ဘ၀ဟာ

ရန်သူမသတ်ခင် ပိုင်ရှင်ကန်ထုတ်ခြင်းခံလိုက်ရတယ်…

ဒီမြေမှာ ငါ့ အတွက် တန်ဖိုးမရှိဘူး…

No comments:

Post a Comment