တိမ်နံရံမှ ပြိုကျလာသော မိုး

ခြေလှမ်းများက ဖျော့တော့လို့
ရင်ခုန်သံတွေလဲ ပိန်လှီလို့ နေပါပြီ
ရုန်းကန်တဲ့နှလုံးသား ငါရင် အကျဉ်းခန်းက ခုန်ပေါက်ပြေးချင်နေပြီ....

ပိုင်ဆိုင်မှုတွေ လက်ချိုးပြီး ရေချင်နေခဲ့ပါရဲ့
ရေရေရာရာတွေပဲ တွက်မယ့်
ငါလက်ချောင်းတွေ ... တောင်းတင်းနေပြန်ပါရော....

လိုက်ဖမ်းရတာ မောဟိုက်လို့ ငါမှာလဲ ပြာနေပြီ....
တပတ်ရစ်... မူပိုင်ခွင့်များနဲ့
မပျော်နိုင်ခဲ့သော.... သူများထက်ထူးချင်ခဲ့သူ.......

အချိန်ယန္တရားအောက်မှာ
ငါ့အထည်ကြီးပျက် အိပ်မက်တွေ ၀ပ်သွားခယ.....
နောက်ကျဆိုတဲ့ စကားလုံးကို သူများထက် စောနှင့်စွာ ရနှင့်ခဲ့ပါရဲ့....

"စိတ်ညစ်တယ်" .. ပြောပါများလို့ ... ကြားပါများသူများ နားစည်တွေ ထူရောပေါ့...
ခံစားရပါများတဲ့ ငါ.. အရေများ ပါးလာသလား...
တစ်ခါထက်တစ်ခါ... ငါဘ၀က ပိုလို့ နာလာပြန်ပါရော....

အဲ့ဒီစကားလုံး ရိုးရိုးကို ထည်လဲ ပြီးသုံးခဲ့တဲ့ ငါ့ကို....
" လက်မလျော့ပါနဲ့" တဲ့... ဘယ်သူအားပေးတယ် မမှတ်မိတော့ပါဘူးလေ....
နောက်ဆုံးအနေနဲ့ ကြားခဲ့တာပဲလား.....
ငါကုတ်တွယ်ထားတဲ့ ကျောက်ဆောင်တွေက
မမြဲဘူးမလား.....

မှတ်ချက်။ ။ ခေါင်းစဉ်က ကျွန်တော့် ညီမလေးပုံ့ ပေးထားတာ....

No comments:

Post a Comment