သတိရတယ်

သူမ မရှိပေမယ်..
သူမ လို့သိတဲ့ နေရာ တစ်ခုကို ရောက်ခဲ့တယ်....
အနေမနီးခဲ့တဲ့ အချိန်တွေကနေ
အနေ ဝေးတဲ့ရက်တွေဆီရောက်လို့...
မခံစားရဘူးလို့ ဘယ်သူတွေ ပြောနေမှာလဲ...
ဘယ်သူတွေ လှောင်ရယ် ပြုံးနေမှာလဲ...

သတိရတယ် ဆိုတဲ့ စကားနဲ့ မလုံလောက်တော့တဲ့ အခါ....
ဒီနေရာကိုရောက်...
သူမ မလွမ်းလောက်တဲ့ စကား...
"သတိရတယ်" လို့ comment များ ငါထားထားခဲ့တယ်....

နားလည်ပါကွယ်...
ဒီလူက စကားလုံးရှားပါးတယ်.....
"သတိရတယ်"

No comments:

Post a Comment