အဆိပ်သင့် လူ
နောက်ဆုတ်ဖို့ မကြိုးစားခဲ့ဘူး
ပြေးထွက်သွားတဲ့သူ့ကြောင့်
ခေါ်သံ အော်သံတွေ အထပ်ထပ်နဲ့
ငါညလေးဟာ သွေးပျက်မနေသင့်ဘူး...
ခွင့်လွတ်ပါလို့ မပြောတော့ဘူး
အပြစ်သားအတွက်
တောင်စွယ်နေကွယ်ချိန်ဟာ
မျော်လင့်ခြင်း ဆုံးရာမြေပဲ....
ရင်နဲ့ ရင်းပြီး ရခဲ့တဲ့ ငှက်ငယ်ဟာ
မြှားထိသွားတယ်
ကောင်းကင်တလွားမှာ
တိမ်ညစ်ညိုတွေ အုပ်ဆိုင်းမနေသင့်ဘူး..
မျော်လင့်ခြင်းတွေ ရိုတ်သိမ်းအပြီးမှာ
င့ါကျီကို မီးမြိုက်ခံရတယ်...
ပင်လယ်ရေ လှိုင်းအချက်ချက်က
ဒီမီးစကို မငြိမ်းနိုင်ခဲ့ဘူး....
ဆူးမရှိတဲ့ ပန်းတပွင့်မှာ
ငါအဆိပ်သင့်သွားတယ်....
ငါဖြေ လျှော့မနေတော့ဘူး...
ငါပြိုလဲရင်တောင်
သူ့ပွင့်ချပ် မကြွေစေရဘူး....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment