ရေအောက်က ခြေရာ



တိတ်ဆိတ်မှုတွေကြား
ကြောက်ရွှံမှုတွေနဲ့ ငါအိပ်စက်ခဲ့တယ်
သန်းခေါင်ကျော်မှာ
ငါ အိပ်မက်များနဲ့ အိပ်ပျက်နေဆဲ

ငါ့နဘေး ဖြတ်ပြေးတဲ့လေပြေ
ငါ့ပေါ်ခုန်ချတဲ့မိုးရေ
ဟိုးအမြင့် ပျံသန်းနေတဲ့ တိမ်တိုက်တွေ
အားလုံး ငါကို မထီမဲ့မြင်ပြုနေကြဆဲ...

မနက်ခင်း နေမင်းရဲခေါ်သံ
ငါမျက်လုံးမှိတ် တိတ်ဆိတ်ပြီးနေချင်ပေမယ့်..
ခြေထောက်တွေကို နိုးထ
ငါနေ့သစ်လဲ စရတယ်....

နေရာမလောက်လို့ ဘေးရောက်ခဲ့ပေမယ့်
လူအမြင် မငယ်စေဖို့
မြေပြင်မှာ ခြေရာထင်တဲ့
လူတွေရဲ့ထုံးလဲ နှလုံးမူဖူးတယ်...

တကယ်တော့
ရေပြင်မှာ ခြေရာထင်ဖို့
ရွက်လွင့်ခဲ့တဲ့ လူတစ်ယောက်ရဲ့
နောက်ဆုံး ရလာဒ်ဟာ...

လေပြည်ပြောတဲ့ တေးသွားတွေ
မိုးရေပြောတဲ့ ပုံပြင်တွေ
တိမ်တိုက်ပြတဲ့ မျော်လင့်ခြင်းတွေက လွဲလို့ ဘာမှ မရှိခဲ့ဘူး

အခုတော့ သန်းခေါင်ကျော်နေပြီ
တိတ်ဆိတ်မှုတွေ မင်းမူနေပြီ
လမ်းပြမယ့် ကြယ်မရှိတဲ့ ကောင်ကင်အောက်မှာ
ငါဟာ ဒီ ကမ်းစပ်မှာပဲ
တ၀ဲလည်လည် လမ်းပျောက်နေဆဲ.....


No comments:

Post a Comment