တစ်ခန်းရပ်.....



စကားလုံးပန်းချီတွေနဲ့ ဧည့်ခံခဲ့ဖူးတဲ့
ကျွန်တော့် အိမ်ဝါလေးမှာ.. ကျွန်တော်ဟာ
ရင်ခုန်သံတွေ ထပ်ထပ်ချ
အမှတ်တရတွေလဲ ချိတ်ဆွဲထားခဲ့ရဲ့.........
မိုးစက်တွေကို ခေါ်ယူ
ကြယ်ကြွေတွေလဲ လိုက်ကောက်ဖူးရဲ့........
ဝင်သူတလှည့် ထွက်သူတလှည့်
ခွာချသွားတဲ့ ခြေရာတွေကို လဲ သိမ်းဆည်းထားခဲ့ရဲ့..........

အဲ့ဒီ အိမ်ဝါလေးကို ကျွန်တော်
မခေါ်ပါပဲ ရောက်လာခဲ့ဖူးသလို
မနှင်ပါပဲ ထားခဲ့ရတော့မယ်

ခံစားချက်စေရာ စီးဆင်းမယ့် ကျွန်တော်ဟာ
မြစ်တစင်း ဆိုပါရင်
ကွေ့ကောက်ခြင်းမရှိသော ရိုးသားခြင်းနဲ့
ပင်လယ်ကို မျှော်လင့်ခြင်းပဲရှိခဲ့တယ်.....

မျော်လင့်ချက်စေရာလွင့်မျောမယ့် ကျွန်တော်ဟာ
တိမ်တိုက်တစ်ခု ဆိုပါရင်
ညိုမှိုင်းခြင်းကင်းသော ဖြူစင်ခြင်းနဲ့
ကောင်းကင်ကို ခံစားခြင်းပဲ ရှိခဲ့တယ်....

ပျော်ရာလား တော်ရာလား
ဇဝေဇ၀ါနဲ့ အိမ်ကောင်းကထွက်ခွာတဲ့ အခိုက်မှာ
ကျွန်တော် မြတ်နိုးတဲ့ လူတစ်သိုက်ကို
ရင်ဘတ်ရဲ့ ဘယ်ယွန်းယွန်းမှာ
ပုံရိပ်တွေ ထည့်သွင်း
ကျွန်တော် သယ်ဆောင်သွားမိတယ်....

No comments:

Post a Comment