မျက်ရည်ကန်ထဲက ရွေ့ငါး




ညိုနေတဲ့ကောင်းကင်ဟာ ဘယ်တော့ ပြိုကျမလဲ
မိုးခြိမ်းသံ အဆုံးမှာ ငါအိပ်မက်က လန့်နိုးခဲ့ပါပြီ
လျှပ်စီးတွေ တစ်ဖျတ်ဖျတ်ထနေတဲ့ ည
အက်ကြောင်းတစ်ခုရဲ့အစလား
မနက်ဖြန်ကိုတွေးကြောက်ရတဲ့ဘ၀မှာ
သူ့လက်ကို ထာဝရ မဆွဲထားရက်ဘူး
တဲအိုပျက်ဆိုတဲ့ သူမအိပ်မက်
အိပ်အပြန်လမ်းမှာ ကျွန်တော်ဖြိုဖျတ်ခဲ့တယ်
ပျံလိုရာပျံလို့ ငါ့ကို လွတ်ပေးခဲ့တဲ့နောက်
ငါဟာအတောင်လဲ ကျိုးကျေရဲ့
နင်မရှိတဲ့နောက် ငါဟာ အတောင်မဲ့တဲ့ငှက်
ကောင်းကင်ကို မျှော်ကြည့်ခွင့်ရက်လဲကုန်ဆုံး
ဒီမိုးစက်ကြားမှာပဲ ငါနှစ်မြောခဲ့ရတယ်

ဖြေသိမ့်စရာ မရှိတော့တဲ့ဘ၀မှာ
မှန်အိမ်ထဲက ရွှေငါး
လွတ်ပေးခဲ့တာ ကျွန်တော် မမှားဘူးလို့ ပြောပေးကြပါ........ ။ ။။  ။။။ ။။။။။

No comments:

Post a Comment