မီးပျိုးတဲ့ လက်




ဇာတာမကောင်းတဲ့ကောင်
ပုံပြင်တွေပြောင်းတောင် ဇာတ်သိမ်းက ဆိုးမြဲ...
ဒဏ်ရာတွေရေတွက်ရအောင် သချာင်္မကျွမ်းဘူး
အလိမ်အညာတွေမှ သကြားထင်တဲ့ကောင်
မာယာတစ်ခွက်ကို ဖျော်သောက်ချင်နေသေးရဲ့
တစ်ကျိုက်ပြီးတစ်ကျိုက်
ငါ့ရင်မှာ ဆူးနစ်သွားလိုက်ကြာတာလေ
ပေါင်းစည်းဖို့ လက္ခဏာမပါတဲ့ လက်နဲ့
ကမ္ဘာဖျတ်မီး ပျိုးမိပြန်တယ်
ညိုမဲစွဲနေတဲ့ အတိတ်ဆိုးတွေကြောင့်
အတွင်းကျေနေတဲ့ ဒိုင်ယာရီဟောင်းကို
မီမှုန်တွေကြားမှာ ဒီည ငါအိပ်စက်ခွင့်ပြုလိုက်တယ်
 
နောက်ဆုံး....
ပိုးဖလံတစ်ကောင်ရဲ့ အမှတ်သညာကို
မီးခိုးတွေ အူနေတဲ့ တောင်ပံတစ်စုံနဲ့အတူ ငါရလိုက်တယ်....

No comments:

Post a Comment