အဝေး....

နှုတ်မဆက်ချင်ပေမယ့်
သွားရတော့မယ်လို့ ပြောခဲ့တယ်
ငါမရက်စက်ပါဘူး
လွဲမရတဲ့ အခြေအနေလို့ ဆင်ခြေပေး
ငါလေ.. ဟိုးအဝေး ထွက်သွားတယ်....

အခုဆို ငါဟာ အဝေး.....
တဖြေးဖြေးနဲ့ ဆွေးတတ်လာတယ်
ကောင်ကင်ကိုမျှော်ကြည့်
ဒီမိုးကောင်ကင်အောက်မှာ
နင်ရှိသေးတယ်လို့သတိရ
တစ်ချို့ညတွေ ငါငိုရတယ်

ဒါဟာအဝေး
ငါ့နဘေးလူတွေ ရှိနေပေမယ့်
မနွေးထွေးခဲ့ဘူး....
အတိတ်အကြောင်းကိုတွေး
ငါရင်က ငါ့ကို ဒဏ်ပေးနေတယ်...

1 comment:

  1. အင်းဟုတ်တယ် လူဘယ်လောက်များများ နံဘေးရှိနေပစေ မနွေးတတ်ဘူး :)

    ReplyDelete