နှလုံးသား ပျိုးခင်း




နင်တိမ်တိုက်တွေလို
ဟိုးအဝေးပြေး
ငါ့နဘေး နင်မရှိတော့
ငါ့နှလုံးသား ကွင်းပြင်ကျယ်မှာ
နင့်အတွက် ပန်းတခင်းပျိုးထားတယ် ... ချစ်သူ....

နေပူပူမှာ
ရေအကူမပါပဲ စိုက်ခဲ့ပေမယ့်
ငါ့နှလုံးသွေးတွေကြောင့်
ဒီပန်းပင်တွေ ရှင်သန်ခဲ့တယ်... ချစ်သူ....

နင့်အချစ်မိုးတွေခေါင်
လေပြည်တောင် မလာတော့
ဒီပန်းပင်တွေ အရောင်မဲ့
ခူးဆွတ်သူ မဲ့ခဲ့တယ် ... ချစ်သူ.....

ဒီတစ်ခါ လေပြည်အလာ
တိမ်တွေလာမလားလို့ မျော်လင့်ရင်း
ပျိုးခဲ့တဲ့ ပန်းပင်တွေတောင်
သေမလို အကြိမ်ကြိမ် ဖြစ်ခဲ့ရတယ်... ချစ်သူ....

မျှော်နေဆဲပါချစ်သူ
နင်လာမယ့်ရက်...
မိုးရွာမယ့်ရက်...
င့ါပန်းခင်းတွေ အရောင်စုံမယ့်ရက်....

အဲ့ဒီရက်....
ငါ့ရည်စူးထားတဲ့ အလှဆုံးဆိုတဲ့ ပန်းဖူးကို
နင့်လက်နဲ့ပဲ ခူးစေချင်တယ် ... ချစ်သူ....

No comments:

Post a Comment