အဖြူရောင် အိပ်မက်




ချစ်သူ့ လက်ဖ၀ါးပြင်မှာ
အိပ်မက်ပေါင်းများစွာ နေရာယူထားတဲ့
အဖြူရောင် နေ့ရက်တွေ ရှိတယ်

အရောင်တွေ တင်မထားတဲ့
သူ့လက်သည်းဖျားမှာတောင်
မျှော်လင့်ခြင်းများစွား ခြယ်နေမိတယ်

မြူမှုန်တွေ မချယ်ထားတဲ့
ကျွန်တော် မြတ်နိုးတဲ့ သူ့ပါးပြင်မှာ
နှုတ်ခမ်းတစ်ခု ဒိုင်ယာရီရေးတုန်းက
ဒါ ကျွန်တော့် ဘ၀ ဆိုတာသိလိုက်တယ်

သူ့ မျက်ဝန်း တစ်စုံအောက်
ရှင်သန်ဖို့ ကြိုးစားတဲ့
ကောင်လေးဟာ
ကြယ်တွေ ကြွေဖို့ ဆုမတောင်းပါဘူး

စံပါယ်တွေ စုံမယ့် မနက်
ချစ်သူ့ ရင်ခွင်မှာ မှေးဆက်ခွင့်ရမယ့် နေ့
အဖြူရောင် လွှမ်းမယ့်ည
သူရှိမှ ဖြစ်မယ့် ဘ၀ ကိုသာ
တောင့်တမိနေသူပါ...

No comments:

Post a Comment