လူမှား

 

ဘဝ တစ်ခုပါပဲ...
ကော်ဖီတစ်ခွက်မှာ အခါးကလွဲရင် ပြည့်စုံသလို
နေ့ရက်တွေဟာ တိမ်ညိုတွေ လှနေမယ်တဲ့လား....

ခရေတစ်ကုံးနဲ့ ငါ့တစ်ကမ္ဘာလုံး ထုံမွန်းချင်တဲ့ကောင်
အိမ်မက်တွေ တပွင့်ပြီးတစ်ပွင့်
အသက်ငွေ့မျှင်မျှင်ကို ကြိုးအဖြစ်နဲ့ သီကုံးနေခဲ့တယ်...
ခရေတွေ မြေခသလို
ငါ့အချစ်တွေ မကြွေကျရဘူးလို့.....

အစိမ်းသက်သက် အတွေးအခေါ်များပါပဲ
သက်တမ်းတွေ ရင့်ကျက်ခဲ့တာတောင်
ငါနဲ့ မရင်းနှီးခဲ့ဘူး.....

ဆန္ဒတွေ လားရာတစ်ဘက်က
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေ
ဦးနှောက်ထဲက ထွေးထုတ်ထားခဲ့တဲ့နောက်.....

မျှော်လင့်ခြင်း စကားစုတွေကို လုံးထွေးရင်း
သူ့ကဗျာလှလှလေးတွေနဲ့ မြိုချမိသူ....
ရင်ဘက်မှာ အခုတော့ ဗလောင်ဆူနေရဲ့....

အလွမ်းတွေလည်ခိုက်ချိန်မှာ....
မဲ့ပြုံးတစ်ပွင့်တောင် ခြွေဖော်မရသူကို...
ပြန်လာပါ လို့ အခါခါ အော်ငြီး.....
ပဲတင်သံတွေကြောင့်များ သူ နားကြားလွဲခဲ့တာလား....
အကွာအဝေးကြားမှာ သူက တံတိုင်းတောင် ခြားခဲ့သူ.....

ကမ္ဘာပျက်ရင်တောင် ငါတို့ အချစ်တွေ
မပြိုရဘူးလို့ သစ္စာတွေထား...
ထားသွားခဲ့တဲ့ သူမ နားမှာ ....
အသက်ဆက်ရှင်ခွင့်မရတဲ့ အခါ....
အပြစ်တွေ မထားရက်ပါဘူး.....

ဝေးကွာခြင်းရဲ့ အဖြေကိုရှာတဲ့အခါ....
အချိန်နဲ့ နေရာ ... ချစ်ခဲ့တာပါ မမှားခဲ့တဲ့ငါဟာ....
နင်ချစ်နိုင်မယ့် လူသားတစ်ယောက်မဖြစ်နိုင်တဲ့...
လူမှားဖြစ်ခဲ့တာ......
Tuesday, May 18, 2010

No comments:

Post a Comment