ပုံဆောင်ခဲတွေမိုးတဲ့ရာသီ
အအေးတွေညိုတဲ့ဆောင်း မှာတောင်
ငါဟာ သူချစ်တဲ့ စပါယ်တွေကိုပဲသီခဲ့တယ်
အဖြူရောင် မှောင်တဲ့ည
သေချာတာလမသာ တာပဲ
အတူတူ ကြယ်စင်တွေကို ရေဖို့
တိမ်တွေဟာ မသတီစရာကောင်းအောင်
ပိန်းပိတ်လို့ မှောင်နေရဲ့
သူလာရင် ဖွင့်မယ့်တံခါး
စကားဝှက် လှလှနဲ့ ပိတ်ထားတယ်
နှလုံးသားကို တံခါးခေါက်
ချစ်တယ်လို့ သူရေရွတ်တဲ့နောက်
တံတိုင်းတွေပြိုဆင်း
ဘ၀တစ်ခုလဲ ချစ်သူ့လက်ထဲ ခုန်ဆင်း
သူချနင်းဖို့ မျှော်လင့်ခြင်းတွေလဲ ခင်းပေးလိုက်မယ်... ... ...
No comments:
Post a Comment