ဒွိဟ




(၁)
ပြီးအောင်တောင် မဖတ် ချောင်ထိုး
တန်ဖိုးမထားတဲ့ စာအုပ်မျိုးနဲ့
ငါတန်ဖိုးကို မဖြတ်ပါနဲ့...
မင်းခေါင်းထဲက အတွေးနက်တွေကို ဖျတ်
ငါနဲ့ တန်ဖိုးချင်း ထပ်ကြည့်ပါအုံး.....
မင်းလဲ မပြုံး ငါလဲ မပြုံးရင်တောင် အမုန်းတော့ မပွားဘူး...
(၂)
အမှားများရင် အမှန်တောင်မှားတယ်...
မိုးခါးရေ အတူသောက်မယ်လို့ မခေါ်တော့ဘူး...
မင်းလဲ မိုက် ငါလဲ မိုက်နေရင်...
ငါတို့ ယုံကြည်မှုတွေ ထာဝရ မျိုးတုန်းသွားတော့မယ်....
 (၃)
တိမ်တိုက်လို လွင့်ပါး ကောင်းကင်တလွား
ငါလျှောက်သွားမယ်လို့ စိတ်ကူးဖူးတယ်...
အထိန်းအကွပ်မဲ့ ရွက်လွင့်ခဲ့ပြီးမှ
လေတိုက်မှ လွင့်ရတဲ့ ဘ၀ကို သနားမိတယ်....
 (၄)
မျက်မှန်အစိမ်းရောင်တပ်
ဘ၀ကို ကန့်လန့်ကြည့်
ညဘက် မြင်ရပြီလို့
ပီတီတွေ ဖြစ်မနေတော့ဘူး...
နေ့ဘက်တွေမှာ ခလုတ်မတိုက်အောင်
ခေါင်းငိုက်စိုက်ပဲသွားတော့မယ်.....
 (၅)
နဂ္ဂတစ်ကို ကြည့်
အရောင်အဆင်းမရှိဘူးလို့ ငါမအော်တော့ဘူး...
အရာအားလုံးရဲ အခြေအမြစ်ကို
ငါ မခံစားတတ်သေးဘူး
 (၆)
ဒီခရီးမှာ ဒီလမ်းရှိတယ် ...
ငါညွန်တယ် မင်းသွား
ငါဘ၀နဲ့ ရင်းခဲ့တာပါလို့ပြော...
ဒီလမ်းကြောမှာ မင်းချောက်ကျမှ
အခြေမတူတဲ့ နှစ်ယောက်
လမ်းတစ်ခုတောင် အတူလျှောက်လို့ မရခဲ့ဘူးနော်....
 (၇)
စုံလုံးကန်းတဲ့ မြို့မှာ..
တဖက်ကန်းအဖြစ်နဲ့ ငါမင်းမလုပ်ချင်တော့ဘူး....
တန်းတူတဲ့ အခါမှ သာတဲ့သူကို ရွေးဖို့
ငါ့မျက်လုံးကို ဖောက်ထုတ်ပေးမယ်...
Level တူတဲ့ ငါစိန်ခေါ်မှုမှာ မှ အနိုင်အရှုံးဆိုတာ မျှတမယ်...
 (၈)
ကောင်းကင်ကို မျှော်ကြည့်ပြီး
ဂြိုလ်ဘယ်နှစ်ခုရှိသလဲလို့ ငါမစူးစမ်းတော့ဘူး
လေထုအောက် ပိပြားနေတဲ့
ငါစိတ်တွေက ငါ့ဘ၀ ကောင်းကင်မှာတောင်
လွတ်လပ်စွာ မပျံသန်းနိုင်သေးဘူး
(၉)
ဒီစခန်းကို ရောက်ဖို့ ဒီလမ်းကို ဖောက်ခဲ့တယ်
အရောက်နောက်ကျလို့ ငါအတွက် ဘာမှမရှိဘူးဆိုရင်တောင် ကြည်နူးမိတယ်....
အပြန်ခရီးက အလာခရီးလောက် မဆိုးတော့ဘူးလေ

 

No comments:

Post a Comment