လေပြည်အေးတွေ တဖြည်းဖြည်းတိုက်နေတဲ့ ကန်ရေပြင်ဘေးက ခုံတန်းလေးမှာ ကျွန်တော် ထိုင်နေခဲ့တယ်…. ရာသီဥတုကလဲပူ သွားစရာ ကိစ္စလဲ မရှိတာမို့ သစ်ပင်ရိပ်အောက် မှာ ကျွန်တော် ရောက်နေခဲ့တာ အတော်တောင် ကြာနေပြီ… နာရီလဲ မကြည့်ချင်တော့ဘူး… ဘယ်သူမှ ဂရုမစိုက် လည်မြဲလည်နေတဲ့ လက်တံတွေကို ကျွန်တော်လဲ အရေး မစိုက်တော့…. ခေါင်းထဲက ကိစ္စတွေ မေ့ထားလိုက်ပြီး တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေမိသည်…. ကြာလာတော့ ပျင်းလာတာနဲ့ ပါလာတဲ့ စာအုပ်ထဲက စက္ကူလေးတွေကိုထုတ် လှေလုပ်ပြီး ကြည်နူးမိသည်… ကလေးတစ်ယောက်လိုတော့ မပျော်မြူတော့…. လှေကလေးတွေ ရေထဲချပြီး သူတို့ နှစ်မြုပ်သွားတာကို ကြည့်ပြီး… ရင်ထဲက အခက်အခဲတွေလဲ အဲ့သလို ပျောက်ပျက်သွားရင်ကောင်းမယ်လို့ တွေးနေမိသည်….
ထိုင်နေတာလဲ ကြာလာ သီချင်းတွေကလဲ ထပ်လာတာမို့ နားကြပ်ကို ဆွဲထုတ်လိုက်တယ်… ကျွန်တော့် ပတ်ဝန်းကျင်က ဘာအတွေးမှ မရှိလောက်အောင်ကို တိတ်ဆိတ်နေတယ်… ကျွန်တော် လှေတစင်းခေါက်ပြီး ထပ်လွတ်မယ် အလုပ်မှာ… ရှိက်သံ သဲ့သဲ့ ကြားရတာမို့ ဒီနေရာလေးမှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်မှန်း သတိထားမိလိုက်တယ်… ကျွန်တော် နဲ့ မလှမ်းမကမ်း ခုန်တန်းရှည်လေးမှာ ကောင်မလေးတစ်ယောက် ငိုနေတယ်… ရှိက်ကြိးတငင်ပါပဲ.. လမင်းမရတဲ့ ကလေး တစ်ယောက်လို သူဆုံးရှုံးမှုတစ်ခုကို တမ်းတနေတယ် ထင်သည်… သူ့ ကြည့်ရတာ အသံမထွက်အောင်ထိန်းနေပုံရသည်… သို့သော်… သူ့ ငိုသံတွေက တစ်ချက်တစ်ချက် ထွက်လာမြဲ…. ကျွန်တော်လဲ သူစိတ်ကြိုက် အားရပါးရ ငိုလို့ရအောင် မသိချင်ယောင် ဆောင်နေပေးလိုက်သည်….
နားထဲကို နားကျပ်ထည့်ပြီး သီချင်းကို ကျယ်လောင်စွာဖွင့်လိုက်ပြီး.. လှေကလေးတစင်း ကျွန်တော် လွတ်လိုက်သည်…စိတ်ထဲ ကျွန်တော် ကြည်နူးသွားသည်.. စာရွက်ကလေးမှာ ကျွန်တော် အဆင်မပြေတာလေး ထည့်ရေးပြီး လှေလုပ် လွတ်လိုက်ခြင်းဖြစ်ပြီး… ထိုလှေကလေး မြုပ်တော့ .. ကျွန်တော့် အတွေးတွေ နဲနဲ ပေါ့သလို ခံစားလာရသလိုပါပဲ… လှေတစင်းထပ်လုပ်မယ် စဉ်းစားပြီး နောက်အဆုတ်… “အမလေး သေပါပြီ” ကျယ်လောင်တဲ့ အသံတစ်ခု ကျွန်တော့်နောက်က ထွက်လာတာရယ်.. ကျွန်တော့် ခြေထောက် အောက်က ခံစားချက်တစ်ခုရယ်ကြောင့် ကျွန်တော် ခြေထောက်တစ်ခုကို နင်းမိပြီဆိုတာသိလိုက်တယ်… ကျွန်တော် ချက်ခြင်းဖယ်ပြီး တောင်းပန်မယ် အလုပ် … နောက်လှည့်ကြည့်လိုက်တော့… မျက်ရည်စတွေ နဲ့ နှုတ်ခမ်းတွေကို ဖိကိုက်ပြီး .. .. ကျွန်တော့်ကို ဒေါသ ချောင်းချောင်းထွက်နေသော ကောင်မလေးတစ်ယောက်…
သေချာတာက ကျွန်တော်နဲ့ မလှမ်းမကမ်းက ငိုနေသော ကောင်မလေးပဲ… သူမျက်ရည်တွေတောင် မသုတ်ရသေး… အခုတော့ သူ့ ဒေါသ အမျက်တွေ ကို သူမျှော်နေသောသူမှသည် ကျွန်တော့် ပေါ်သို့ ဖြန့်ကျက်ထားလိုက်ပြီ ထင်သည်… သူ ပါးစပ်က တတွတ်တွတ်ပြောနေပေမယ့် ကျွန်တော် မကြား… ကျွန်တော်က ပြုံးပြုံးလေး နားထောင်နေရင်းမှ .. နားထဲက နားကျပ်ကလေးဆွဲထုတ်ဖို့ သတိရလာတယ်… ဒါကြောင့် ကျွန်တော် မကြားတာကိုး…
သူ့အသံတွေက ထင်တာထက်တောင် ကျယ်လောင်နေပါသေးတယ်… ဘယ်ကစတောင်းပန်ရမှန်း မသိတာမို့.. ကျွန်တော် ငြိမ်နေမိသည်… ဒီငြိမ်သက်မှုတစ်ခုကပဲ.. သူရဲ့ ထနေတဲ့ ဒေါသကို ပိုကြွစေသည်လားမသိ… သူ တိုး၍ ဒေါသထွက်လာသည်…
“နင် တော်တော်ရိုင်းတဲ့ ကောင်ပဲ မထုံတတ်သေးနဲ့… … ….. ….. … ….. … .. . .. . ”
ကျွန်တော် တောင်းပန်ဖို့ ဟန်ပြင်မိသည်…
“စပ်ဖြီးဖြီးနဲ့.. နင့်ကိုနင် ဘာများထင်နေလဲ…”
“.........................................”
“ နင်တော်တော် ရိုင်းတယ်… …. …… .. . . .. . .. . .”
“……………………………………..”
“ နင် အ နေလား…….. .. … . . .. . .. . .. . .. . .. . ”
ရိုင်းတယ် ၊ ရိုင်းတယ် အလုံး ၂၀ လောက်အပြီးမှာ ကျွန်တော် ဟာ အ ပါ အ သွားပါပြီ… ကျွန်တော်လဲ မထူးပြီမို့ စာအုပ်ကလေးကို ကောက်ယူလိုက်သည်… ဒါကိုပဲ သူမ ပိုဒေါသထွက်သွား သည်ထင်သည်… သူ့ကို အရေးမစိုက် သလိုပိုဖြစ်သွားသည်… သူ ဒေါသတွေနဲ့ ကျွန်တော့် ကို ကပ်ကပ်လန်အောင် ရန်တွေနေခဲ့တာ ကျွန်တော် ပြသော စာရွက်ကလေး ကြည့်ပြီး မှပဲ သူ ငြိမ်ကျသွားတော့သည်… သူမျက်နှာမှာ တိမ်ညိုတွေ ကင်းသွားပါပြီ.. သူဒေါသတွေ လွင့်ပျောက်ကုန်ပြီ… သူရုတ်ချည်း နူးညံ့သွားသည်…
“နင် တကယ်ပဲ စကား မပြောတတ်တာလား … ”
ကျွန်တော် ခေါင်းညိမ့်ပြလိုက်သည်…
“ငါတောင်းပန်ပါတယ်… ငါ့ဒေါသတွေ နင့်အပေါ်ကျကုန်တယ် ”
- ကိစ္စမရှိပါဘူး ..
… ကျွန်တော်ပြန်ရေးပြလိုက်သည်…
“နင်က စကားမပြောတတ်ဘူးလဲပြောသေးတယ် ငါပြောတာလဲ ကြားတယ်လား ”..
သံသယများနဲ့ မေးခွန်းကို ကျွန်တော် ဖြေလိုက်သည်…
- ကျွန်တော် က အသက်ကြီးမှ မပြောတတ်တော့တာ အာရုံကြော ထိသွားတာ… အသံလုံးဝမထွက်တော့တာ…
သူ့ဂရုဏာတွေကို သူ့မျက်ဝန်းနက်တွေက တဆင့်ကျွန်တော် ခံစားလိုက်ရသည်… ရင်ထဲမှာတော့ နင့်သွားသလိုပါပဲ….
“ဒါနဲ့ နင်က ဒီမှာ ဘာလာလုပ်တာလဲ… ”
ကျွန်တော် အဖြေမရှိ ပြုံးပြရုံသာ တတ်နိုင်ခဲ့သည်…
“နင် မကြီးမငယ်နဲ့ လှေလွတ်နေတာတော့ ငါတွေ့တယ်… ”
ကျွန်တော် တိုး၍ပြုံးမိသည်… စာအုပ်ထဲ ကျွန်တော် ငုံရေးပြီးပြလိုက်သည်…
- စိတ်ညစ်စရာရှိရင် ဒီကန်လေးနားလာတယ် …စိတ်ညစ်စရာတွေကို စာရွက်ကလေးမှာ ချရေး လှေလုပ်ပြီး.. ဒီရေထဲကို လွတ်လိုက်တယ်… ရေအတွေ့မှာ သူတို့တွေ ပျော့ပျက် ပျောက်ကွယ်ပြီ မြုပ်သွားရင် .. ကျွန်တော် ခံစားနေရတာလဲ တစ်နေ့ အဲသလိုပဲ တဖြေးဖြေး ပျောက်သွားမယ်လို့ ထင်တယ်.. ခံစားရတာလဲ ပေါ့လာတယ်လေ.. ဒါကြောင့် စိတ်ညစ်ရင် လှေလွတ်တယ်… ကျွန်တော့် သောကတွေကို လှေထဲထည့် ဒီရေပြင်အောက်မြုပ်ပြစ်တယ်…. မယုံရင်လွတ်ကြည့်ပါလား….
ကျွန်တော် ရှည်ရှည်လျားလျား ယူဆချက်တွေကို ရေးချလိုက်သည်… သူဖတ်ပြီး ကျေနပ်စွာ ခေါင်းအကြိမ်ကြိမ် ညိမ့်နေသည်… ကျွန်တော်လဲ အလိုက်သိစွာ စာရွက်ကလေးတစ်ရွက် သူလက်ထဲ ထည့်ပေးလိုက်သည်… သူခံစားချက်များ သူချရေးနေသည်… ပြီးတော့ လှေကလေး လုပ် သူလွတ်လိုက်သည်.. သူအနဲငယ်ပြုံးလာနိုင်သည်… သူလဲ လှေကလေးတွေကို သဘောကျသွားပါပြီ…. စာရွက်လေးတွေ ကျွန်တော်ပေး.. သူလှေကလေးတွေလွတ်နေရင်းမှ မထင်မှတ်တဲ့စကား တစ်ခွန်းမေးလိုက်သည်…
“စိတ်ညစ်စရာတွေကို လှေထဲထည့်ရင် မျှော်လင့်ချက်တွေကိုရော ဘယ်နားထည့်လဲ… ”
- မျော်လင့်ချက်တွေကို ကောင်းကင်မှာထားတယ်.. အလိုများတဲ့ ကျွန်တော်က မျော်လင့်ချက်တွေကို ကြယ်ပွင့်တွေမှာထားတယ်
ကျွန်တော်ရေးတဲ့စာလေးကို ဖတ်ပြီး သူမခို့တရို့ပြုံးပြီး ပြောလိုက်သည်….
“ ကြယ်ဆိုတာ ကြွေတတ်တယ်လေ… ”
- မျော်လင့်ချက်ဆိုတာလဲ သေတတ်တယ်
သူဘာ စကားမှ မပြောပဲ ခဏတိတ်ဆိတ်သွားပြန်သည်… နောက် သူ ခံစားချက်တွေ ထပ်ရေးသည်… လှေတစင်း ထပ်လွတ်သည်…
“ ဒီနေ့ ငါ့ ကြယ်တစင်း ကြွေကျသွားတယ်… ”
သူမ မျက်ရည်တွေ ရစ်ဝဲလာနေပြီ... သို့သော် သူ မငိုတော့…
“ ကျေးဇူးပဲ.. နင့်ကြောင့် ငါခံစားနေရတာတွေ နဲနဲသက်သာလာတယ်…. ”
စကားမပြောသော ကျွန်တော့် အစား သူစကားများစွာပြောနေခဲ့သည်… သူအချစ်ဇာတ်သိမ်းကို သူကြေကွဲ ဆို့နင့်စွာ ပြောပြနေသည်… သူမငိုအောင် ထိန်းနေခဲ့သည်… ကျွန်တော်လဲ အလိုလို သူနဲ့ထပ်သူ ၀မ်းနည်းလာသည် … နောက်ကျွန်တော်တို့ လှေတွေ ထပ်လွတ်ကြသည်… နေအတော်တောင် စောင်းသွားတော့ သူ နှုတ်ဆက်ထွက်သွားသည်… ခြေရာလေးတွေ သူချန်ရစ်သည်… စာအုပ်ထဲ gmail address တစ်ခု သူထားခဲ့သည် …. သေချာတာက ကျွန်တော့် ကောင်ကင်မှာ ကြယ်လေး တစ်ပွင့်တိုးလာပြန်ပြီ….
*****
ကာလကြာရှည်စွာ ပြစ်ထားခဲ့သော gmail တစ်ခု ထိုနေ့ညက စပြီး ကျွန်တော် အသက်သွင်းခဲ့သည်… သူနာမည်လေးကို ရိုက်ထည့်ပြီး တစ်ညလုံးစောင့်နေမိသည်… ပေါ်မလာပါ… ကျွန်တော့် နေ့ရက်တွေ ခေါ်သူမဲ့တဲ့ ကွန်ပျူတာလေး ရှေ့မှာပဲ နေ့ရက်တွေကို ကုန်ဆုံးနေခဲ့တယ်…. တစ်ပတ်လောက် အကြာမှသူမ ပေါ်လာသည်… သူက ချက်နေကြမဟုတ်.. ကလေးကလား အလုပ်လို့ သူမထင်သည်… သူမကို online မှာတွေ့ရခဲသည်… သူနဲ့ ပြောရင်း သူ့စိတ်ရင်းကို ကျွန်တ်ာမြင်လာသည်… သူ့ကို ပိုပြီး စိတ်ဝင်စားလာမိသည်… သူက တော်ရုံမိန်းကလေး မဟုတ်… ရည်မှန်းချက်ကြီးသလို တကယ်လက်တွေ အကောင်အထည် ဖော်နေသော သူမ…. ၀ါသနာပါသော အလုပ်ကိုသာ သူလုပ်သည်.. တစ်နေ့ကုန် ပန်းချီဆွဲရင်း သူအချိန်များစွာ သူသုံးနေတတ်သည်… ခံစားချက်ရှေ့တန်းတင်လွန်းလို့ .. သူ လူမှားချစ်ခဲ့ရတာပါလို့ အကြိမ်ပေါင်းများစွာ ညီးတွားမြဲ… ပြစ်သွားသော ချစ်သူအတွက် မျက်ရည် ထပ်မကျပါ သူငိုနေတာ သူအတွက်ပါလို့ ဆင်ခြေတွေလဲ သူပေးတတ်သည်… အခုတော့ သူမငိုတော့ … သူဘ၀မှာ လှေလေးတွေလဲ ရှိလာပြီတဲ့လေ.... ကြယ်လေးတွေလဲရှိလာပြီ.. သူမျော်လင့်ခြင်းများ တဖန်ရှင်သန်လာခဲ့ပြီ.. အဲ့ဒီအတွက် ကျွန်တော်ကို အမြဲ ကျေးဇူးတင်နေသည်..
ကျွန်တော့် ဘ၀ကိုစာနာသည်…. ကျွန်တော်ကို ဂရုစိုက်သည်… တစ်နေ့ ကျွန်တော် ပြန်စကားပြောနိုင်ရမည်… ကျွန်တော့် ကောင်းကင်မှာ ကြယ်လေးတွေ ထာဝရ ရှင်သန်နေမည်ဟု သူအမြဲ နှစ်သိမ့်သည်… သူရဲ့ စာနာမှုကရုဏာတွေဟာ အချိန်တွေ ကြာတဲ့ အခါ ချစ်ခြင်းမေတ္တာတစ်ခုသို့ အသွင်ပြောင်း လာခဲ့သည်.. မထင်မှတ်တဲ့ တစ်နေ့မှာ သူ ၀န်ခံခဲ့သည်… သူမ ကျွန်တော့်ကို ချစ်သည်တဲ့…. ကျွန်တော် ခံစားချက်တွေ ရောထွေးကုန်သည်.. ရင်တွင်း ပန်းပေါင်းများစွာ ပွင့်လန်းသလို မိုးကြိုးအစင်းပေါင်းများစွာ ပြစ်ခွင်းသလို ခံစားရသည်… သူချစ်ခြင်း ကို ကျွန်တော်ရတော့ ပျော်မိသည်.. ကျွန်တော် တောင့်တခဲ့သော အရာမဟုတ်ပါလား… သို့သော်… ကျွန်တော် … ကျွန်တော်က စကားမပြောနိုင်ဟု သူသိထားသည်… သူ ဂရုဏာနှင့် ဆွံအနေသော ကောင်လေးတစ်ယောက်ကို ချစ်မိသည်.. အမှန်မှာ ကျွန်တော် မ ‘အ’ ခဲ့… သူနဲ့ တွေ့သောနေ့က သူ့စကားသံအောက် ကျွန်တော်ပျောက်ပြီး အ ချင်ယောင် နေမိခဲ့သည်…
အခုတော့ ကျွန်တော်ဘာလုပ်ရမှန်းမသိတော့ … စိတ်ထဲမှာတော့ မှားမှန်းသိနေပြီ… သူမအနား မှာ ကျွန်တော် ချစ်တဲ့စကားတော့ ပြောနေချင်သည်… အခုတော့ ပြောခွင့်မရှိ.. မကြာခင် အလိမ်တွေ ပေါ်ကုန်တော့မည်…
ခေါင်းထဲ အတွေးများစွာ ၀င်လာသည်..
ကျွန်တော် အအ အတိုင်းဆက်နေရမလား..
ဒါမှမဟုတ် ရုတ်တရက် အသံပြန်ထွက်လာသည်ဟု ကျွန်တော် ညာရမလား…..
ဒါမှမဟုတ် ညာခဲ့ပါသည်လို့ ၀န်ခံရမလား..
ကျွန်တော် မညာရက်တော့… ခင်မင်မှုတွင် ပွင့်လင်းမှုမရှိလျှင် မရိုးသား.. ထိုအတူ ချစ်ခြင်းတွင်လဲ အလိမ်အညာပါလာ လျှင် မဖြူစင်… မရှည်ကြာ… မခိုင်မြဲ… တစ်ချိန်က အသဲကွဲဖူးသော သူမ… အရဲစွံပြီး နောက်တစ်ခါ ထပ်ချစ်ခဲ့တဲ့သူက လူညာတစ်ယောက်တော့ မဖြစ်စေချင်.. သူမ ဘ၀တွင် ကျွန်တော် က ခြောက်ပြစ်ကင်း စံပြပုဂ္ဂိုလ်လဲ မမှန်းပါ… အမှားမကင်းသေား လူများကြား… အမှား များသောလူသား တစ်ယောက်တော့ မဖြစ်ချင်… အမှားကို ရှောင်ပုန်း သရဲဘော ကြောင်သူတစ်ယောက်လဲ မဖြစ်ချင်… သူဘ၀လေး လှပဖို့ ကျွန်တော့် ဘ၀လေး ပေးဆပ်တတ်တဲ့ ရိုးသားတဲ့ ချစ်သူတစ်ယောက်ပဲ ဖြစ်ချင်သည်… ကျွန်တော် ပွင့်လင်းစွာ ၀န်ခံတော့မည်လို့ ဆုံးဖြတ်လိုက်သည်… သူချိန်းထားသော နေ့ရက်လေးကို ညတိုင်း ကြယ်ကြွေတွေမှာ ဆုတောင်းရင်း စောင့်နေခဲ့တယ်…. သူခွင့်လွတ်ဖို့ မျော်လင့်နေမိသည်… ကျွန်တော် အလိမ်အညာတွေကို သူရိုးသားမှုတွေကြောင့် ခွင့်လွတ်ပေးလိမ့်မည်ဟု မျော်လင့်နေမိသည်….
*****
သူ နှင့် ကျွန်တော် စတွေ့သော နေရာလေး.. အရင်အတိုင်းတိတ်ဆိတ်နေမြဲ… လှပနေမြဲ… ကန်ရေပြင်က လှိုင်းသေးသေးလေးတွေလဲ မခို့တရို့ ကမ်းတို့ကို ရိုက်ခက်နေမြဲ… လေနုအေးကလဲ ခပ်ဖြေးဖြေးတိုက်ခတ်နေမြဲ အရာရာဆိတ်ငြိမ် နေပေမယ့် … စောင့်စားနေတဲ့ ကျွန်တော် မောရနေရပြီ... အသက်ရှုရပ်လောက် အောင် ရင်တွေခုန်နေသည်… ရင်တွေ ကွဲထွက်သွားမလား မှတ်ရသည်… အတွေးထဲ ယောက်ယက်ခက်နေသည်… အမှန်ကို သိတဲ့အခါ သူမုန်းမှာလား သူလက်ခံမှာလား….
စတွေ့တဲ့နေက သူငိုနေသည်… ဒီနေ့ရော… သူပျော်မည်ထင်သည်…. ဒီနေရာလေးက ဒီနေ့လည်း ပုံစံမပြောင်း စတွေ့တုန်းကအတိုင်း ရှိနေရင်တောင် … ကျွန်တော်တို့ နှစ်ယောက်တော့ ဘ၀ပြောင်းပြီး ချစ်သူတွေ အဖြစ်ပေါင်းရတော့မည်… စိတ်ကူးထဲမှာ တစ်ယောက်တည်း ရူးနေမိသည်….
အပြုံးတစ်ခုနဲ့ သူရောက်လာပါပြီ .. ရှက်ပြုံးလေးနဲ့ သူမကို ကျွန်တော်လဲ အပြုံးတစ်ခုနဲ့ နှုတ်ဆက်လိုက်သည်… ထိုနောက် သူလက်ထဲကို ကျွန်တော် ၀န်ခံချက်စာတစ်စောင်ထည့်လိုက်သည်… ပြောချင်တာကို ရေးမှရသည့် ဘ၀ဟု မှတ်ယူထားဆဲ သူမက.. ထိုစာကို အံ့သြခြင်းမဲ့ ဖတ်ရင်း… ပျော်မြူးနေတဲ့ သူမျက်နှာလေး ညှိုးလာသည်.. မျက်ရည်လေးတွေ သူ့ပါးပြင်ပေါ်ခုန်ဆင်းလာသည်…. သူမ မပြောပေမယ့် ကျွန်တော် သိလိုက်သည်… ကျွန်တော်မှားခဲ့သည်… သူ့အသံတွေ တုန်ရီနေပြီ… သူ အားတင်းပြီး စကားကို ထိန်းပြောလိုက်သည်….
“နင်…. ဘာလို့ ညာခဲ့တာလဲ …. ဟင် ”
ကျွန်တော် ရေးပြစရာမလိုတော့ ရိုးသားစွာပဲ.. ကျွန်တော် ပြောလိုက်သည်.. အသံတွေကတော့ ဆို့နင့်နေသည်….
“ငါ မရည်ရွယ်ပါဘူးဟာ… ရုတ်တရက်မို့လို့.. ငါ .. လိမ်ညာမိတာပါ… ”
မျက်ရည်တွေ သူ့ပါးပေါ်က ထပ်လိမ့်ဆင်းလာသည်…
“ဘာလို့ နင်စောစောက ၀န်မခံတာလဲ.. နင်နဲ့ငါ ချက်နေကြတာပဲ… ”
“ငါတောင်းပန်ပါတယ်ဟာ.. ငါအခု ၀န်ခံပါတယ် ငါမှားခဲ့ပါတယ် … ခွင့်လွတ်ပေးပါဟာ.. နောက်ဆုံးမှာ ငါရိုးသားခဲ့ပါတယ် ”
“ဒါပေမယ့် နင်တစ်လျှောက်လုံး လိမ်ညာနေခဲ့တယ်… ”
“ငါလိမ်ညာပေမယ့်… နင့်ကို မထိခိုက်ခဲ့ဘူးထင်တာပဲ… ငါ့ညာခဲ့လို့ နင်စိတ်ညစ်တာတွေတောင် ပျောက်ခဲ့သေးတာပဲ”
“ဒါပေမယ့် နင့်အလိမ်အညာမှာ ငါ့ နှလုံးသားတစ်ခု ပါသွားတယ်ဆိုတာရော နင်သိလိုက်လား ”
ကျွန်တော် ငိုချင်မိသည်…. ရင်ထဲ နင့်နေအောင် ခံစားလာရသည်….
“ငါရော မခံစားရဘူးလို့ နင်ထင်နေလား… ငါ ရုတ်တရက် အသံ ပြန်ထွက်လာပါတယ်လို့ လိမ်ရင်ရသားနဲ့ ငါမလိမ်တော့တာ ငါနင့်အပေါ် ဖြူစင်လို့ နင့်ကို ချစ်လို့ ပေါ့ဟာ ”
ပြောနေရင်း ကျွန်တော့် မျက်ရည်တွေ ရစ်ဝဲလာသည်…
“နင် ညာအုံးမှာလား… တော်ပါပြီဟာ.. လုံလောက်သွားပါပြီ… ငါကြယ်တစင်းလဲ ကြွေကျသွားပါပြီ…”
ကျွန်တော့် နှလုံးသား ကို ကိုင်လှုပ်သလိုခံစားလိုက်ရသည်… ကျွန်တော် ရူးရတော့မည်….
“ငါ့ကို ခွင့်လွတ်ပါဟာ … ငါ့ရိုးသားမှုအတွက် .. နင့်ဆီက ခွင့်လွတ်ပါတယ် ဆိုတဲ့ စကားလေးတောင် မရတော့ဘူးလား ”
“မခွင့်လွတ်ရက်ဘူး.. တစ်ခါလိမ်ညာတဲ့သူကို တစ်ခါခွင့်လွတ်တယ်ဆိုရင်… နောင် .. နင် ဆက်လိမ်မှာ… ”
“ငါမလိမ်တော့ပါဘူး ဟာ… ကတိပေးပါတယ်… ”
“တစ်ခါသေဖူးရင် ပျဉ်ဖိုးနားလည်ရမယ်တဲ့…. ငါဘ၀ ဟာ ယောက်ျားတွေရဲ့ လိမ်ညာရာ အဖြစ်မခံနိုင်ဘူး.. ”
“ငါကို တစ်ကြိမ်လောက် အခွင့်အရေးပေးပါဟာ…. ငါဟာ နင့်အချစ်ကို ကြိုးစားဖို့ ထိုက်တန်ပါတယ်… ငါ နောက် မလိမ်တော့ပါဘူး…. ကတိပေးပါတယ် ဟာ….”
“နင့်ကတိတွေ လှေထဲ ထည့်လိုက်ပါတော့.. ငါ .. ဒီအချိန်မှာ နင့်နာမည်ကို လှေမှာရေးပြီး မြုပ်ပြစ်လိုက်ချင်တယ် ”
စကားအဆုံးမှာ သူ ပြေးထွက်သွားခဲ့တယ်…. ကျွန်တော် သူ့လက်ကလေးကို လှမ်းဆွဲလိုက်သည်….
“ငါ့ကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပြုပါဟာ… ငါကို မမုန်းလိုက်ပါနဲ့… ငါတကယ်ချစ်ခဲ့တာပါ… ”
“ကြိုးစားလဲ အလကားပဲ… လိမ်ညာတတ်တဲ့ သူတစ်ယောက်ကို ရင်ထဲကချစ်ခဲ့ရင်တောင် ငါဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး… နင့်ကို ဒီထက်ပို မချစ်သေးခင် နင့်အနားက ငါသွားရမယ်… ငါကို လွတ်ပါ….”
“တောင်းပန်ပါတယ်ဟာ… တစ်ကြိမ်လောက်ပဲ အခွင့်အရေးပေးပါ…. ”
ဒီစကားကလွဲလို့ ကျွန်တော်မှာ ပြောစရာက မထွက်တော့… ကျွန်တော် ရင်တွေပေါက်ကွဲသွားတော့မယ်…
“ငါ့ကို ထပ်မချီနှောင်ပါနဲ့တော့ဟာ…. ငါရင်ထဲမှာ ဒဏ်ရာတွေ အပြည့်အနှက်မို့ပါ….”
သူမျက်ဝန်းထဲက လိမ့်ဆင်းလာတဲ့ မျက်ရည်တွေရဲ့ဒဏ်ကို ကျွန်တော် မခံနိုင်တော့ … ကျွန်တော် လက်လျှော့လိုက်ပါပြီ… သူကို ကျွန်တော် အနားမှာ သံသယများနဲ့ နေစေမယ့်အစား.. ကျွန်တော့်အဝေးမှာ သူပူပင်ကင်းစွားနေစေချင်သည်….သူ့ကောင်းကင်မှာ ကျွန်တော်ဆိုတဲ့ ကြယ်လေး မရှိတော့သလို… သူ့ဘ၀ မှ ကျွန်တော်နာမည်နဲ့ လှေကလေး လဲ မြုပ်သွားခဲ့ပါပြီ…. သူရင်ထဲက ဒဏ်ရာတွေကို ကြွေသွားတဲ့ ကြယ်လေး.. မြုပ်သွားတဲ့လှေလေးများ က ကုစားပေးစေချင်သည်…
ကျွန်တော် ခံစားနေရသည်… ၀မ်းနည်းမှု ခံပြင်းမှုတွေ ရောနေသည်… အမှန်တရားတစ်ခုကို ရိုးသွားစွာ ၀န်ခံသူအဖို့ အမုန်းတစ်ခုဟာ ထိုက်တန်တဲ့ ဆုလာဒ်ပဲလား…. လိမ်ညာ ဟန်ဆောင်ခဲ့တဲ့ ဘ၀မှာ ပိုင်ဆိုင်ခဲ့သမျှဟာ… ရိုးသားတဲ့ တခဏမှာပဲ မြူခိုးတွေလို နေခြည်အတွေ့မှာ လွင့်ပျောက်ကုန်ပြီလား…. ဆက်ညာလိုက်ရင်ကောင်းသားဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာ နောင်တလို့ နာမည်တပ်ပြီး ၀င်ရောက်လာပြန်ပြီ… ကျွန်တော် ညှင်သာစွာ ငြင်းလိုက်သည်… ဟန်ဆောင်ခြင်းမဲ့ ဘ၀တစ်ခုနဲ့ သူမ ပြန်လည် ရောက်လာတဲ့ အထိ ကျွန်တော် စောင့်မျှော်နေမည်…. စမှတ်တစ်ခုမှာပဲ ဆုံး.. စုံမှတ်တစ်ခုမှာပဲ လွဲ.. နောက်ဆုံးတော့ ကွဲရတာပဲလား… ဒါပေမယ့် ကျွန်တော့် ဘ၀မှာ သူမကို အပျောက်မခံ ကောင်းကင်ယံမှာထာဝရ ထွန်းလင်းစေချင်သည်…. ကျွန်တော် သူမနာမည်နဲ့ လှေတစင်းလဲ မမြုပ်သလို… သူမအတွက် ကြယ်တစင်းလဲ မခြွေချတော့ပါဘူး… မျော်လင့်ရင်းပဲ ရူးနေတော့မယ်….
*****
လွမ်းရက်တွေ ရှည်လာပါတယ်… နေ့စဉ်မဟုတ်တောင်.. ခဏခဏ ဒီနေရာလေးတော့ ရောက်ဖြစ်ပါတယ်.. လှေကလေးတွေလဲ လွတ်ဖြစ်တယ်… ညညဆို ကြယ်လေးတွေလဲ ကြည့်မိတယ်…. သူမရော… ကြယ်ကလေးတွေကို ကြည့်နေမလား.. လှေကလေးတွေ လွတ်နေမလား….
တစ်ခါ လိမ်ညာဖူးသူတစ်ယောက် အတွက် သူမအချစ်ကို မျော်လင့်ခွင့်မရှိတော့ပြီလား…. ပြန်လည် ရိုးသားလာသူတစ်ယောက် အတွက် သူမရဲ့ အပြုံတစ်ခုနဲ့ မထိုက်တန်ဘူးလား…. ကျွန်တော်ကတော့ မျော်လင့်မြဲ မျော်လင့်ဆဲပါပဲ… သူမ ရင်ထဲက အစိုင်အခဲတွေ ပြေပျောက်ဖို့.. ကျွန်တော် ကန်ရေပြင်မှာတောင် လှေအစင်းပေါင်း ထောင်သောင်း မက မြုပ်ခဲ့ပြီးပြီ… ဒါပေမယ့် သူ့ကောင်းကင်မှာ ကျွန်တော့် ကြယ်တစင်းကတော့ သေမြဲ သေဆဲပဲလား…..
အချိန်တွေ ကြာလာပြီ… အတွေ့မခံသလို ပို့သမျှ message အကြောင်းမပြန်တဲ့ သူမ.. ကျွန်တော် ဘ၀ထဲကနေ ကြယ်ပွင့်လေးလို ကြွေလွင့်သွားပါပြီ… နောက် သူမနာမည်နဲ့ လှေတစင်းထဲ ရေပြင်ထဲ မျောလိုက်ပြီ… ရေအတွေ့ နှစ်မြုပ်ပျောက်ကွယ်သွားပါပြီ…..
ကျွန်တော် ကို သူမ ရက်စက်ခဲ့တာလား … ကျွန်တော် မသိ….
သူမကို ကျွန်တော် ရက်စက်ခဲ့တာလား… ကျွန်တော် မသိ…
အရာအားလုံး ဝေးလွင့်ခြင်းနဲ့ အဆုံးသတ်တာ ဘာကြောင့်လဲ…. ကျွန်တော် မသိ…
ကျွန်တော် သိလိုက်တာ တစ်ခုပဲရှိတယ် … သူမ ဆိုတဲ့ ကြယ်တစ်ပွင့် ကျွန်တော့် ကောင်းကင်က ကြွေကျသွားတယ်… အနက်ရှိုင်းဆုံးဆိုတဲ့… ကျွန်တော့် နှလုံးသား ရေပြင်အောက်ကိုပါပဲ …. အဲ့ဒီမှာ… သူမနာမည်နဲ့ လှေလေးတစ်စင်းလဲ မြုပ်နေတယ်လေ…
သူ့ကိုသတိရတိုင်း ကျွန်တော် လွမ်းတဲ့အကြောင်းတွေရေး လှေကလေးတွေ လွတ်တယ်… မြုပ်သွားတဲ့ လှေကလေးက ရေအောက်မှာ မြုပ်နေတဲ့ ကြယ်လေးကို သတင်းစကား ပါးပေးနိုင်မယ် ထင်တာပါပဲ….
အချိန်တွေ ကြာလာပေမယ့် သေချာတာက …. ကျွန်တော် အသက်ရှင်နေသမျှ … ကျွန်တော့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ… သူမ ရှိတယ်ဆိုတာပါပဲ….
No comments:
Post a Comment