ရာဇ၀င်ထဲက လူ

ကောင်းကင်မှာလသာတဲ့ည ..
ကလေးမဟုတ်တဲ့ သူ့ကို
ပုံပြင်လေးတွေ သီကုံးမရွတ်ပြခဲ့ဘူး….
မျက်လုံးတွေ မမှိတ်လိုက်ပါနဲ့…
ကြယ်အပြုံးကို မမုန်းတမ်းကြည့်ပါဦး….
ဒဏ်ရာတွေ မရှိသေးတဲ့
အဖြူရောင်နှလုံးသားကို
အရောင်တွေ အထပ်ထပ်ဆိုး
သူ ငိုမှာတော့ စိုးတယ်…
နားတွေကို မပိတ်လိုက်ပါနဲ့ ဦး…
အသက်မရပ်ပဲ ရင်ခုန်သံထွက်သွားတဲ့
နေ့တွေအကြောင်း ပြောပြချင်သေးတယ်….


အချစ်တစ်ခုဆိုတာ ပျိုးပျိုးပျက်ပျက်နဲ့ အရောင်တွေလက်နေတဲ့ သူသိပ်ကြိုက်တဲ့ ရုပ်ရှင်တကွက်လိုပဲ မျော်လင့်ထားပေမယ့်… ကိုယ့်ကိုယ်ကို မှောင်ရိပ်ချ အဖြူအမဲ မသဲကွဲတဲ့ ကျွန်တော့်ဘ၀ထဲမှာ.. သူ့ ရဲ့စိတ်ဟာ နေရာထားမှားတဲ့ ရွေလို ခဏလေး မှိန်ကျ အရောင်တွေလွင့်လာတာ ကို သိတဲ့နောက်…

စကားသံတွေကို တိတ်ဆိတ်လိုက်တယ် .. ကျွန်တော်ပိုင်တဲ့ ကျွန်တော် နယ်နမိတ်ကို သတ်မှတ်ခဲ့တယ်…. ရက်စက်တယ်လို့ ပြောခဲ့တဲ့ သူ့ မျက်ရည်တစ်စက်အတွက် ကျွန်တော် နေ့ရက်တိုင်း ငိုကြွေးခဲ့တယ်.. အမြင့်ပျံမယ့် ငှက်ငယ်အတွက်… ကျွန်တော့် မနက်နဲ့ ညကို သူမ အတွက် တောင်ပံတစ်စုံ ရက်လုပ် ပေးလိုက်တယ်…

ဝေးကြမယ်ဆိုတာ သိခဲ့ခဏ…. လတစ်ခုမှာ အကြည့်ခြင်းဆုံနိုင်မယ်လို့ ပြောလိုက်တယ်….. အဲ့ဒီညမှာ သူ…. လကိုပဲငေးနေမယ် ထင်ရဲ့နော်… ကျွန်တော်ကတော့ လမင်း နဘေးက ကြွေသွားတဲ့ ကြယ်လေးအတွက် ကဗျာတွေဖွဲ့နေခဲ့တယ်….


“ အတောင်ကျိုးတဲ့ ငှက်တစ်ကောင်မှာ
သိပ်လှတဲ့ မနက်ဖြန်ရှိတယ် ”
စကားသံတွေ အဆုံး မျက်ရည်တွေသီကုံးခဲ့တဲ့
သူ့ရင်ထဲမှာ နာကျဉ်းချက်တွေရှိနေမလား

“ တွယ်ရာမဲ စီးမျောသွားတဲ့
သစ်ရွက်ခြောက်မှာ စိမ်းမြတဲ့ ရာဇ၀င်ရှိတယ်”
စကားသံတွေ အဆုံး တိတ်ဆိတ်သွားတဲ့
ငါ့ရင်ထဲမှာ အနာဂတ်ကိုတွေး ငိုကြွေးနေတယ်



အနာဂတ်တစ်ခု ကျိုးပျက်သွားတဲ့နောက်.. ကျွန်တော့် မနက်ဖြန်တိုင်းဟာ မျော်လင့်ခွင့်မဲ့ သွားပါပြီ… ကျွန်တော့်လက်ထဲ သူအိပ်မက်လေးတွေ တည်ဆောက်ခဲ့တယ် လို့ပြောခဲ့ဖူးတယ်.. ကျွန်တော့်လက်ပဲ သူ့အိပ်မက်တွေကို ရိုက်ချိုးခဲ့တယ်လို့ပြောပြန်တယ်…. ဒါပေမယ့် သူ့အိပ်မက်တွေသူမြင်ဖို့ ကျွန်တော့် ဘ၀အစိတ် အပိုင်းတချို့ကို မီးထွန်းပေးဖူးတယ်…. သူဘ၀ဟာ ကျွန်တော့် ထွန်းပေးတဲ့ ဘ၀ မီးခိုးကြား နစ်မွန်းသွားတဲ့ခဏ… သူ့လဟာ ကျွန်တော်ဆိုတဲ့ တိမ်ဖုံး သွားတယ်…..


ကျွန်တော် နောက်ဆုတ်ခဲ့တယ်.. သူရှေ့ဆက်သွားတယ်.. အကွာအဝေးတစ်ခု တစ်ဖြေးဖြေး သေး လာတဲ့ မြင်ကွင်းက သက်သေပဲ …… သူထားသွားတဲ့ အတိတ်လှလှတွေမှာ ကျွန်တာ် နေရစ်ခဲ့တယ်… သူ့မနက်ဖြန်တိုင်းအတွက် အိပ်မက်တွေ အတားအဆီးမဲ့ ပျံသန်းခွင့်ပေးလိုက်တယ်…. ကျွန်တော် မြဲမြဲ ဆုပ်ကိုင်ထားခဲ့တဲ့ သူလက်ကလေးကို သူ့ကြယ်တွေ စွတ်ခူးဖို့ ကျွန်တော်လွတ်ပေးလိုက်တဲ့ခဏ…. ကျွန်တော့် ကြယ်လေး ကြွေသွားတယ်…..


အခုတော့ … ကျွန်တော်ဟာ ရာဇ၀င်ထဲက မပျော်တော့တဲ့ လူသား… သူကတော့ မနက်ဖြန်ကို ပျံသန်းသွားတဲ့ လိပ်ပြာတောင်ပံနဲ့ နတ်သမီးတပါးပါပဲ…. ဘ၀က သိပ်မခြားသေးပါဘူး… လွမ်းတဲ့ အခါတိုင်း မိုးမျှော်ကြည့်ခွင့်ရှိသလို… ရင်ကို တူးဆွပြီး အတိတ်ကို ပြန်ဖတ်ခွင့်လဲရှိသေးတယ်….. သတိရခြင်းတွေကို ကျွန်တော်ပိုင်တယ်…. မျှော်လင့်ခြင်းတွေကို သူပိုင်တယ်….



လတောင် အမြဲ မသာနိုင်သလို
နေခြည်မဖြာတဲ့ နေ့တွေလဲရှိတယ်…
မျက်ရည်ခတဲ့ နေ့
ပူလောင်နေတဲ့ ညတိုင်းမှာ
သူ့ ခြေအဆင်း အေးမြခြင်းတွေပေးမယ့်
တွယ်ရာမဲ့ စီးမျောနေတဲ့
ငါဆိုတဲ့ မြစ်တစင်းမှာ ရှိတယ်….



သူမျက်နှာကို မြင်ရတဲ့ရက်ကစ.. သူ့ကျောပြင်ဝေးသွားတဲ့ အဆုံးအထိ ကျွန်တော်ဟာ သူ့ကိုမမုန်းခဲ့ပါဘူး… သူလာရင်ပြုံးပြ အုံးမယ်လို့ ရည်ရွယ်ထားတဲ့ မဆုံးတဲ့ အိပ်မက်တွေနဲ့ ကျွန်တော်အသက်ဆက်နေဆဲပါ…. သူ့အတွက် ကျွန်တော့် ပါးစပ်က ကဗျာလေးတွေ ဖွဖွရွတ်နေခဲ့တယ်….


ဒီနေ့ဆုံးရင် နောက်တစ်နေ့လာအုံးမယ်
ကျွန်တော်မရှုံးပါဘူး…
သူမအမုန်းတစ်ခုပိုင်ဆိုင် ခွင့်ရပါတယ်….

သူမ နှုတ်ခမ်းမှာ ကျွန်တော်… အသက်ဆက်ထားတယ်…
သူမ ကိုမမုန်းပါဘူး သူ့အပြုံးဆိုတာ
ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ



No comments:

Post a Comment